ငလျင်ဘေးသင့်ပြည်သူများနှင့်အတူ
“ထပ်တူ၀မ်းနည်းကြောင်း ကြေညာချက်”
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ မတ် လ (၃၁)ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက် ၁၂း၅၁ နာရီအချိန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဗဟိုပြု၍ Magnitute(၇.၇)နှုန်းဖြင့် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများ၊ ငလျင်ဘေးသင့် ပြည်သူများအားလုံးနှင့်အတူ ထပ်တူ ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(ZPCC) / ZRA(အရှေ့ပိုင်းတိုင်း) အနေနှင့်လည်း အထူးဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် အဘက်ဘက်မှ ပံ့ပူးကူညီ ဆောင်ရွက်ပေးကြသည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ ပြည်ပနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပါဝင်သူအားလုံး အပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် ဂုဏ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မိမိတို့ ZPCC/ZRA(အရှေ့ပိုင်းတိုင်း) အနေဖြင့်လည်း ငလျင်ဘေးသင့် ပြည်သူများ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွင် တတ်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ZPCC/ZRA(အရှေ့ပိုင်းတိုင်း)
Tedim District, ဇိုမီးပြည်(Zomiland)-Zogam


Leave a comment