


ထုတ်ပြန်ကြေညာချက်”
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ ဧပြီ လ (၅)ရက်။
၁။ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့သည် ငလျင်ဘေးကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် Chin National Front(CNF) (ခေါ်) ဟားခါးမျိုးနွယ်စု ပိုင်ဆိုင်ဦးဆောင်သည့် ချင်းလဲန်းကောင်စီ တပ်သားများသည် အခွင့်ကောင်းယူကာ ၎င်းတို့၏ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် ဟားခါးခရိုင်(Hakha District)၊ ချင်းပြည်(Chinland)မှ စစ်ရေးနှင့်နိုင်ငံရေးအရ ရှုံးနိမ့်ကြသဖြင့် ဟားခါးမြို့နှင့် ထန်တလန်မြို့တို့ကို လက်လွတ်စွန့်ခွာက ဇိုမီးပြည်(Zomiland)၊ သဲဒိမ်ခရိုင်(Tedim District)အတွင်းသို့ အသိပေး အကြောင်းကြားခြင်းမရှိဘဲ လက်နက်ကိုင်ဆောင်ထားကာ အုပ်စုလိုက် အလုံးအရင်း တိမ်းရှောင်လာခဲ့ကြသည်။ အချို့သည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး၊ အိန္ဒိယနှင့် ထန်တလန်မြို့ နယ်စပ်နေရာတွင် CNF အဖွဲ့က တည်ဆောက်ထားသည့် ဝိတိုရိယစခန်း(Victoria Camp) ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိခဲ့ကြောင်း ကြားသိရပါသည်။
2။ ဟားခါးနှင့် ထန်တလန်မှ ထွက်ပြေးလာကြသည့် Chinland Council(CC) တပ်သားများသည် တွန်းဇံမြို့ရှိ ဘိန်းဘုရင် ဦးဇိုမူးမုန်(Pu Zo Mu Mung)(ခ) ဦးထန်ဆွင်းမုန် နှင့် ချိတ်ဆက်ကာ မိမိတို့ ZRA(အရှေ့ပိုင်းတိုင်း)အား နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်နေကြသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီ (၃)ရက်နေ့တွင် မိမိတို့ဘက်မှ ပြန်လည် ခုခံခဲ့ရာ (၂)ရက်အကြာ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲတွင် CC တပ်ဖွဲ့ဝင်များ၏ စခန်း(၆)ခု ( ၁။ Mualkawi ရွာ ကင်းစခန်း, ၂။ Nakzang ရွာ ကင်းစခန်း, ၃။ Tuitum ရွာ ကင်းစခန်း, ၄။ တွန်းဇံမြို့ ရဲစခန်းကုန်း, ၅။ တွန်းဇံမြို့တပ်ကုန်းနှင့် ၆။ တွန်းဇံမြို့မီးသတ်ကုန်းစခန်း) ကို သိမ်းဆည်းနိုင်ခဲ့သည်။ ရန်သူအသုံးပြုသည့် Drone (2)စီး ပစ်ချနိုင်ခဲ့သည်။ Auto သေနတ် (၉)လက်၊ Single barrel အမြောက်အများ၊ ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်း များစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။ တိုက်ပွဲအတွင်း CC တပ်သား (၄)ဦး လက်နက်နဲ့အတူ မိမိတို့ထံ အညံ့ခံ(အလင်းဝင်)လာပြီး၊ (၂)ဦးအရှင်ဖမ်းဆီးရကာ စုစုပေါင်း(၆)ဦး အရှင်ထိန်းသိမ်းထားရပါသည်။ ရန်သူဘက်က ဆယ်ချီ သေဆုံးခဲ့မည်ဟု ခန့်မှန်းရပြီး၊ (၃၈)ဦး ရေတွက်လိုက်ရတယ်လို့ ဒေသခံများက ပြောသည်။ မိမိတို့ ဘက်မှ (၂)ဦး ကျဆုံးခဲ့ရပြီး၊ (၂)ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။ တိုက်ပွဲ၏ ဒုတိယနေ့ ဧပြီ(၄)ရက်နေ့တွင် တွန်းဇံမြို့ ကိုဗစ်စင်တာ စခန်းကို ဆက်လက် သိမ်းပိုက်ရန် ပြင်ဆင်ခဲ့ရာ ရန်သူဘက်က အထိနာနေလွန်းသဖြင့် အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းကာအဖြင့် အသုံးပြုလာခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်နားခဲ့ရသည်။ မိမိတို့ တပ်သားများသည်လည်း စခန်းနေရာသို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိခဲ့ကြပြီဖြစ်သည်။
၃။ ထို့ကဲ့သို့ ဟားခါး CNF ပိုင်၊ Chinland Council တပ်သားများ ဇိုမီးပြည်(Zomiland)သို့ ကျူးကျော်ဝင်ရောက်ကြသည့်အပြင် မိမိတို့ ဇိုမီးတိုင်းရင်းသားများပြည်သူအား အတင်းအဓမ္မ
(အဆက်)
ခိုင်းစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ မုဒိမ်းမှုပြုခြင်း၊ သဘာဝယဉ်ကျေးမှုအလှနေရာ Lennupa တွင် ဝင်ကြေးငွေ ကောက်ခံခြင်း၊ ကင်းစခန်းများတည်ဆောက်ကာ ဆက်ကြေးကောက်ခံခြင်း၊ နွားနောက်ကအစ အိမ်မွေးတိရိစ္ဆာန်များကို ခွင့်ပြုချက်မဲ့စွာ မိုင်းခွဲ/ဖမ်းဆီး သတ်စားခြင်း၊ ဘိန်းခင်းများစိုက်ပျိုးခြင်း၊ လမ်းအသုံးပြုခ ကောက်ခံခြင်း၊ Tungzang ကျေးရွာကို မီးရှို့ရန် ကြိုးပမ်းခြင်း၊ Nakzang ကျေးရွာနေအိမ်(၇၀)ဝန်းကျင်ကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း စသည်ဖြင့် ဇိုမီးပြည်အတွင်း၌ အကြမ်းဖက်မှုများစွာကို ကျူးလွန်နေကြသည်။ ထိုသို့ အကြမ်းဖက်မှုပြုလုပ်ရန်နှင့် ဇိုမီးမျိုးနွယ်စုများကို သွေးခွဲအုပ်ချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ပြည်ပရောက် ဟားခါးဘာသာရေးအဖွဲ့မှ အထူးသဖြင့် Chin Baptist Churches of U.S.A(CBCUSA)မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ လွှဲပြောင်းပေးမှုအပေါ် ပြင်းထန်စွာ ရှုတ်ချသည်။ ၎င်းအစား ဟားခါးနှင့်ထန်တလန်ဒေသများ ဖွံ့ဖြိုးရေးအတွက်သုံးစွဲကြရန် တိုက်တွန်းသည်။
၄။ ဇိုမီးပြည်/ဇိုမီးဒေသနှင့် ဇိုမီးလူမျိုးများသည် နိုင်ငံရေးလမ်းပြအဖြင့် ဇိုဂမ်ပဋိညာဉ်(Zogam Charter)ပါ ပြဌာန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဟားခါးမျိုးနွယ်စု၏ အလိုကျ ရေးဆွဲချမှတ်သည့် Chinland Constitution သည် မိမိတို့ ဇိုမီးပြည်/ဇိုမီးဒေသနှင့် ဇိုမီးလူမျိုးများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း ဖော်ပြအပ်ပါသည်။
၅။ ဇိုးမီးလူမျိုးများ၏ တစ်ခုတည်းသော အမျိုးသား တပ်မတော် ZRA(အရှေ့ပိုင်းတိုင်း)အား မြန်မာပြည်သူလူထုမှ အမြင်စောင်းစေရန် ရည်ရွယ်၍ Myanmar သတင်းမီဒီယာများထံသို့ မဟုတ်မမှန် စွပ်စွဲသတင်းများပေးပို့နေခြင်း၊ ဇိုမီးအမျိုးသားများ၏ နိုင်ငံရေးသိက္ခာအမဲစက်ချရန် ရည်ရွယ်၍ မဟုတ်မမှန်သတင်းများ ဖန်တီးထုတ်လွှင့်နေခြင်းကို ရပ်တန့်က ရပ်ရန် တိုက်တွန်းသည်။ အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်သည့် ဟားခါးတပ် CNF အဖွဲ့နှင့် အစေခံ လက်ပါးစေခိုင်းရန် ၎င်းတို့ ရည်ရွယ် မွေးထုတ်ထားသည့် လက်နက်ကိုင်အဖွဲ့များအားလုံးကိုလည်း ဇိုမီးပြည်/ဇိုမီးလူမျိုးများဒေသမှ အမြန်ဆုံး ထွက်ခွာသွားကြရန် သတိပေးသည်။ မထွက်ခွာပါက လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်းနှင့် တရားမျှတမှု ရှိစေရန်အတွက် လိုအပ်သလို ဆက်လက် အရေးယူတုန့်ပြန်သွားမည် ဖြစ်ကြောင်းနှင့် Bottom-up federalism စနစ်ကို အပြန်အလှန် လိုက်နာကျင့်သုံးနိုင်မှသာလျှင် ချင်းပြည်(Chinland), ဇိုမီးပြည်(Zomiland), လိုင်ဇိုပြည်(Laizoland/Falamland)နှင့် မရာပြည် (Maraland)အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း၌ နယ်မြေငြိမ်းချမ်းမှု ရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ZPCC/ZRA(အရှေ့ပိုင်းတိုင်း)
Tedim District, ဇိုမီးပြည်(Zomiland)-Zogam

Leave a comment